လ - ဩဂုတ် 2018

မချိုးထားပါနှင့်

ရင်ကြားစေ့ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခု၌ ပါဝင်ဆွေးနွေးသူ တစ်ဦးက ‘‘လူတွေကို အချိန်အကြာကြီး မချိုးထားပါနဲ့’’ ဟု အမြော်အမြင်နှင့် ဆိုသည်။ ကျွန်ုပ်တို့သည် လူတို့ပြုမိသည့်အမှားကို သတိရတတ်သည့်သဘောသို့ ယိမ်းပါတတ်ပြီး အမှားပြင်ရန် အခွင့်ကို မပေးတတ်ကြောင်း သူသတိပြုလေ့လာမိသည်။

ပေတရု၏ အသက်တာ၌ ဘုရားသခင်က သူ့ကို ချိုးထားနိုင်သည့် အခိုက်အတန့်၊ အချိန်များစွာရှိခဲ့သည်။ သို့သော် သခင်သူ့ကို မချိုးခဲ့ပါ။ ပေတရုသည် မစဉ်းစား မဆင်ခြင်လုပ်တတ်သော တပည့်တော်ဖြစ်ပြီး သခင်ယေရှုကို ဆရာလုပ် ဆုံးမသဖြင့် သခင်၏ပြင်းထန်သော ပြစ်တင် ကြိမ်းမောင်းမှုကို ခံခဲ့ရသည် (မ ၁၆း၂၁-၂၃)။ ခရစ်တော်ကို ပေါ်ပေါ်ထင်ထင် ငြင်းခဲ့သူလည်း ဖြစ်သည် (ယော ၁၈း၁၅-၂၇)။ နောက်မှ သူ့ကို ပြန်လည်တည်ဆောက်ပေးခဲ့ရသည် (၂၁း၁၅-၁၉)။ အသင်းတော်တွင်း၌ လူမျိုးရေးခွဲခြားမှု ပဋိပက္ခကို ဖြစ်စေခဲ့သူဖြစ်သည်။

ပြဿနာက ကေဖခေါ် ပေတရုသည်…

ရက်ရောစွာ ပေးကမ်းသူများ

ကျွန်မတို့၏အသင်းတော်သမိုင်း၌ ဘုရားသခင် ပြုပေးခဲ့သမျှကို ပြန်လည်သုံးသပ် ပြီးနောက် ခေါင်းဆောင်များက ရပ်ရွာအတွင်း သာ၍အကျိုးပြုအစေခံနိုင်အောင် အားကစားရုံအသစ်တည်ဆောက်ရန် အသင်းသားများထံ အဆိုပြုတင်ပြကြသည်။ ဦးဆောင် စီမံခန့်ခွဲမှုအဖွဲ့က ထိုအဆောက်အအုံအတွက် ထောက်ပံ့ရန် ကတိပြုလွှာကို ၎င်းတို့ အဦးဆုံး လက်မှတ်ရေးထိုးကြမည်ဟု ကြေညာသည်။ ကျွန်မက နဂိုက ပေးမည်ဟု သဘောတူထားသည့် ပမာဏထက်ကျော်၍ မပေးလိုဘဲ အတ္တစိတ်အချဉ်ပေါက် စွာဖြင့် ဆုတောင်းမိသည်။ သည့်တိုင် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရေးအတွက် ဆက်ဆုတောင်းပေးရန် ကျွန်မတို့ ဇနီးမောင်နှံ သဘောတူခဲ့သည်။ ကျွန်မတို့အတွက် ဘုရားသခင် ပြင်ဆင်ဖြည့်ဆည်းပေးမှုများကို ဆင်ခြင် စဉ်းစားရင်း နောက်ဆုံး လစဉ်အလှူငွေပါဝင်ရန် ဆုံးဖြတ် ခဲ့သည်။ အသင်းတော်မိသားစုများ၏ စုစုပေါင်းပါဝင်မှုဖြင့် အဆောက်အအုံတစ်ခုလုံးအတွက် ကုန်ကျစရိတ်များကို ပေးချေနိုင်ခဲ့သည်။

အမှုတော်အတွက် ထိုအားကစားခန်းမဖွင့်ပွဲကို ဆင်နွဲခဲ့ပြီးချိန်မှစ၍ ရပ်ရွာ၏ ပွဲလမ်းသဘင်များကို ထိုခန်းမ၌ ကျင်းပနိုင်ခဲ့ပြီး၊ နည်းလမ်းပေါင်းများစွာဖြင့် ဘုရားရှင်သည် ထိုအားကစားခန်းမကို…

ယေရှုကို ဖူးမြင်ရမည်

ဈာပနအခမ်းအနားအစီအစဉ်၌ ကျွန်မ ဆုတောင်းပေးရမည်ဖြစ်သည်။ ပလ္လင်အောက်သို့ ကြည့်မိရာ ‘‘ဆရာ၊ သခင်ယေရှုကို ဖူးမြင်ရမည်’’ဟု ယော ၁၂း၂၁ ကျမ်းပိုဒ်ကို ရည်ညွှန်းလျက် ကြေးဝါပလိပ်ပြားပေါ်၌ ရေးသားထားသည်ကို တွေ့ရသည်။ မျက်ရည်နှင့်
အပြုံးနှင့် ကျွန်မတို့နှုတ်ဆက်နေသည့် အမျိုးသမီး၌ သခင်ယေရှုအား မည်သို့ မြင်ခဲ့ရ သည်ကို ဆင်ခြင်ရင်း ‘‘ထိုကျမ်းချက်နဲ့ကွက်တိပဲ’’ ဟု ကျွန်မ တွေးမိသည်။ ဘုန်းတော်ဝင်စားသွားသည့် အမျိုးသမီးမှာ သူ့ဘဝ၌ အခက်အခဲပြဿနာများ၊ စိတ်ပျက်စရာများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ခရစ်တော်၌ ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ခဲ့ပါ။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော် သူ့အထဲ၌ ကိန်းဝပ်တည်ရှိခြင်းကြောင့် သူ၌ သခင်ယေရှုကို ကျွန်မတို့ တွေ့ရသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ သခင်ယေရှု ယေရုရှလင်မြို့သို့ ကြွတော်မူပြီးနောက် (ယော ၁၂း၁၂-၁၆)၊ ဟေလသလူအချို့တို့သည် ဖိလိပ္ပုကို ချဉ်းကပ်လျက် ‘‘အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင် ပါသည်ခင်ဗျားဟုတောင်းပန်ကြ၏’’ (း၂၁)။ သခင်ယေရှု၏…

တည်မြဲသော ပျော်ရွှင်မှု

မိမိစိတ်ကြိုက်လုပ်ရလျှင် ကျွန်ုပ်တို့ ပျော်ရွှင်သည်ဟု ပြောသံများကြားဖူးသည်။ စင်စစ် ထိုပျော်ရွှင်မှုသည် အစစ်အမှန် မဟုတ်ပါ။ ထိုအတွေးအခေါ်က ဗလာနတ္တိဖြစ်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် ခေါင်းကိုက်စရာများကိုသာ ဖြစ်လာစေနိုင်သည်။

ကဗျာဆရာ ဒဗလျူအိပ်(ရှ်)အော်ဒင် က အပျော်အပါးများနှင့် ထွက်ပေါက် ရှာတတ်ကြသူများကို သူလေ့လာမိသည်။ ထိုသူများသည် ခြောက်ခြားစရာတောနက်ထဲ၌ လမ်းပျောက်နေသူ၊ ညအချိန် ကို ကြောက်ရွံ့သည့် ကလေးငယ်၊ တစ်ခါမှ ပျော်ရွှင်မှုမရှိသူ၊ ကောင်းမွန်သူ မဟုတ်ဟု ရေးသားခဲ့သည်။

ကျွန်ုပ်တို့၏ မပျော်ရွှင်မှုနှင့် အကြောက်တရားများကို ကုစားရန် ဆာလံဆရာဒါဝိဒ်က သီချင်းတစ်ပုဒ် သီကုံးခဲ့ သည်။ ‘‘ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နုတ်တော်မူ၏’’ (ဆာ၃၄း၎)။ ပျော်ရွှင်မှုဆိုသည်မှာ ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင် လိုက်လျှောက်ခြင်းဖြစ်ပြီး ထိုသို့အသက်ရှင်လျှင် နေ့ရက် စဉ်တိုင်း သက်သေကို ရလိမ့်မည်။…

ဘုရားသခင်၏သတိနှင့်ကြည့်ရှုစောင်မခြင်း

ကျွန်တော့်မြေးလေးများသည် ၎င်းတို့ဘာသာ၎င်းတို့ ဝတ်စားဆင်ယင်ရခြင်းကို နှစ်သက် ကြသည်။ တစ်ခါတစ်ရံ အင်္ကျီ ပြောင်းပြန်ဝတ်မိသည့်အခါများရှိသည်။ ဖိနပ်ကိုလည်း ဘယ်နှင့်ညာမှားပြီး စီးမိသည်။ သူတို့၏အမှားကို ကျွန်တော်မဝေဖန်သလို အပြစ်လည်း မပြောပါ။ ကျွန်တော့်အမြင်၌ သူတို့၏အမူအရာသည် ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်။

လောကကြီးကို မြင်သည့် ကလေးအမြင်နှင့် လောကကြီးကို ရှုမြင်ကြည့်ရခြင်းကို ကျွန်တော် သဘောကျ သည်။ သူတို့အတွက် လောကကြီးရှိ အရာရာတိုင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ လဲကျနေသည့်သစ်ပင်ပေါ် လမ်းတက်လျှောက်ကြည့်သည်။ သစ်တုံးပေါ်၌ နေပူစာ လှုံနေသည့် လိပ်ကလေးကို လိုက်ချောင်းသည်။ အိမ်ရှေ့မှ ဖြတ်သွားသည့်မီးသတ်ကားကို တအံ့တသြ လိုက်ကြည့်သည်။ သို့သော် ကျွန်တော့် မြေးလေးများလည်း လုံးဝ စင်းလုံးချော အပြစ်ကင်းဖြူစင်ကြသည် မဟုတ်ပါ။ ညအချိန် အိပ်ယာမဝင်ချင်၍ သူတို့ဆင်ခြေအမျိုးမျိုး ပေးတတ်သည်။ အခြားသူငယ်ချင်း၏အရုပ်ကို လိုချင်လျှင်လည်း ဆွဲလုတတ်သည်။ သို့သော်လည်း ကျွန်တော် သူတို့ကို အလွန်ချစ်ပါသည်။…